18k သမိုင်းကြောင်းကိုပြောရမယ်ဆိုရင် ဟိုယခင် အီဂျစ်၊ ရောမ၊ ဂရိတို့ခေတ်တည်းက 18k gold လက်ဝတ်ရတနာကို သူတို့ရဲ့ သြဇာအာဏာကြီးမားမှု၊ ကြွယ်ဝချမ်းသာမှုတို့ကို ပြသဖို့အတွက် ဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတစ်မျိုးဖြစ်ပါတယ်။
ယနေ့ခေတ်မှာဆိုရင်လည်း ရွှေဆိုတာက ကျောက်မျက်ရတနာလောကမှာ လူအကြိုက်အများဆုံး လက်ဝတ်ရတနာတစ်မျိုးဖြစ်ပါတယ်။
🔺18K Gold ကို ဘာကြောင့် ရှေးခေတ်တည်းက အသုံးပြုမှုများခဲ့တာလဲ?
လက်ဝတ်ရတနာတွေကို ပြုလုပ်တဲ့အခါမှာ ရွှေကို တခြားသော သတ္တုတွေနဲ့ အချိုးကျပေါင်းစပ်ပြီး ဖန်တီးပြုလုပ်ရတာဖြစ်ပါတယ်။ ရွှေ ၁၀၀ ရာခိုင်နှုန်းပါဝင်သော 24K (24 karat) ကိုအသုံးပြုပြီး ဒီဇိုင်းတွေကို ဖန်တီးပြုလုပ်တဲ့အခါ ပျော့ပြီး အထည်မကြံ့ခိုင်သောကြောင့် ရွှေ 75% နဲ့ အခြားသော သတ္ထုတွေဖြစ်တဲ့ ကြေး၊ ငွေ စသည်တို့ကို 25% ရောစပ်ထားတဲ့ 18K Gold တွေက သာမန်ထက်ပိုမိုကြံခိုင်သောကြောင့် အသုံးပြုမှုများခဲ့တာဖြစ်ပါတယ်။
🔺18K Gold က စိတ်ရောချရရဲ့လား?
18K Gold ဆိုတာက ရွှေပါဝင်မှုရာခိုင်နှုန်းသာနည်းပါးသွားတာဖြစ်ပါတယ်။ ဒါကြောင့် 18K Gold က ရွှေရော စစ်ရဲ့လားဆိုပြီးတွေးနေတဲ့ သူတွေအနေနဲ့ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရပါတယ်။ နိုင်ငံတကာမှာဆိုရင် 18k, 14k, 10k အစရှိတဲ့ ရွှေများဖြင့် Jewelry များကို ဖန်တီးမှုများ ပိုမိုပြုလုပ်လာကြပါတယ်…ဘာကြောင့်လဲဆိုတော့ ရွှေပါဝင်မှု ရာခိုင်နှုန်း နည်းလေ၊ ပိုမိုလက်ရာမြောက်တဲ့ ဒီဇိုင်းများကို ဖန်တီးနိုင်သောကြောင့်ဖြစ်ပါတယ်။
ဥရောပဆန်တဲ့ 18k ဒီဇိုင်းများကို ရောင်းချပေးနေတဲ့ Jessica Gold Brand ကို Golden Valley Diamonds and Gold Jewellery ဆိုင်ကြီးမှာ ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ…