လူတွေမသိကြတဲ့ ဒါမဟုတ် သတိမထားမိကြတဲ့ 𝟏𝟖𝐊 𝐆𝐨𝐥𝐝 နဲ့ 𝟏𝟖𝐊 𝐆𝐏 / 𝐆𝐅 ရဲ့ ကွာခြားချက်ကဘာများဖြစ်မလဲ???
𝟏𝟖𝐊 လို့ပြောနေကြတဲ့ အထဲမှာမှ 𝟏𝟖𝐊 𝐆𝐏 / 𝐆𝐅 အသားတံဆိပ်ပါတဲ့ 18K က 18K မစစ်ပါဘူးနော်။
𝟏𝟖𝐊 𝐆𝐏 တစ်နည်းအားဖြင့် 𝟏𝟖𝐊 𝐆𝐨𝐥𝐝 𝐏𝐥𝐚𝐭𝐞𝐝 ဟာ ကြေးနီ၊ သံ ကို ရွှေသုတ်ထားတဲ့ ပစ္စည်း ဖြစ်ပြီးတော့ ရွှေပါဝင်မှုက 0.5% သာပါဝင်ပါတယ်။ ရွှေရောင်ဝင်းပြီး ရွှေနဲ့တူပေမယ့် တာရှည်ခံနိုင်မှုနည်းတဲ့ ရွှေရည်စိမ်ပစ္စည်းဖြစ်ပါတယ်။
𝟏𝟖𝐊 𝐆𝐅/ 𝐆𝐨𝐥𝐝 𝐅𝐢𝐥𝐥𝐞𝐝 ကတော့ GP ထက် အရည်အသွေးပိုကောင်းပြီး ရွှေပါဝင်မှု 5% လောက်သာပါဝင်ပါတယ်။ GP ထက် တာရှည်ခံတာမှန်ပေမယ့် သူလည်း 18K တော့မစစ်ပါဘူး။
ဒါကြောင့် GP ကော GF ကော 18K မစစ်ပါဘူးရှင့်…
𝟏𝟖𝐊 𝐆𝐨𝐥𝐝 မှာ 𝐀𝐔𝟕𝟓𝟎 ဆိုတဲ့ အသားတံဆိပ်ပါမှ 18K ရွှေထည်အစစ်ဖြစ်ပါတယ်နော်။
18K / AU750 ဟာ ရွှေပါဝင်မှုနှုန်း Hallmark အမှတ်တံဆိပ်ကိုခေါ်ပါတယ်။ မြန်မာရွှေပန်းထိမ်အခေါ်နဲ့ဆိုရင်တော့ ၁၂ ပဲရည် အတွင်းစပ်ကိုဆိုလိုပါတယ်။
18K အစစ်ဖြစ်တဲ့ AU750 မှာဆိုရင် ရွှေပါဝင်မှုနှုန်း 75% နဲ့ တခြား သတ္တုစပ် 25% ပါဝင်ပါတယ်ရှင့်။
လက်ဝတ်ရတနာဖန်တီးတဲ့အခါမှာ လိုအပ်လို့ကို ၁၂ပဲရည်ရအောင် ပေါင်းစပ်ထားရတာမို့…
18K ဟာ ရွှေထည်ဒီဇိုင်းလှပမှုနဲ့ လက်ဝတ်ရတနာပြုလုပ်ရာမှာ တန်ဖိုးအနေအထားတစ်ခုမှာရှိနေတဲ့ ရွှေရည်အမျိုးအစားလို့ပြောရမှာပါပဲ။
ဒါကြောင့်မို့ ဒီလို 18k ရွှေထည်အစစ်တွေဖြစ်တဲ့ ဥရောပလက်ရာဒီဇိုင်းဆန်း 18k ရွှေထည်လက်ဝတ်ရတနာတွေကို 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐚𝐥𝐥𝐞𝐲 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐡𝐨𝐩 မှာပဲ ရနိုင်တာကြောင့်
ဂန္တဝင်ဆန်ဆန် ဥရောပလက်ရာဆန်းများ ဆုံဆည်းရာ ဘုံဗိမ္မာန် 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐚𝐥𝐥𝐞𝐲 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐡𝐨𝐩 ကိုအရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်…
Kpay, Mobile Banking နဲ့လည်း ပေးချေဝယ်ယူလို့ရနိုင်ပါတယ်ရှင်….

