“ရာဇဝင်သမိုင်းများနဲ့ 18K Gold”
18k သမိုင်းကြောင်းကိုပြောရမယ်ဆိုရင် ဟိုယခင် အီဂျစ်၊ ရောမ၊ ဂရိတို့ခေတ်တည်းက 18k gold လက်ဝတ်ရတနာကို သူတို့ရဲ့ သြဇာအာဏာကြီးမားမှု၊ ကြွယ်ဝချမ်းသာမှုတို့ကို ပြသဖို့အတွက် ဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတစ်မျိုးဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင်လည်း ရွှေဆိုတာက ကျောက်မျက်ရတနာလောကမှာ လူအကြိုက်အများဆုံး လက်ဝတ်ရတနာတစ်မျိုးဖြစ်ပါတယ်။ 🔺18K Gold ကို ဘာကြောင့် ရှေးခေတ်တည်းက အသုံးပြုမှုများခဲ့တာလဲ? လက်ဝတ်ရတနာတွေကို ပြုလုပ်တဲ့အခါမှာ ရွှေကို တခြားသော သတ္တုတွေနဲ့ အချိုးကျပေါင်းစပ်ပြီး ဖန်တီးပြုလုပ်ရတာဖြစ်ပါတယ်။ ရွှေ ၁၀၀ ရာခိုင်နှုန်းပါဝင်သော 24K (24 karat) ကိုအသုံးပြုပြီး ဒီဇိုင်းတွေကို ဖန်တီးပြုလုပ်တဲ့အခါ ပျော့ပြီး အထည်မကြံ့ခိုင်သောကြောင့် ရွှေ 75% နဲ့ အခြားသော သတ္ထုတွေဖြစ်တဲ့ ကြေး၊ ငွေ စသည်တို့ကို 25% ရောစပ်ထားတဲ့ 18K Gold တွေက သာမန်ထက်ပိုမိုကြံခိုင်သောကြောင့် အသုံးပြုမှုများခဲ့တာဖြစ်ပါတယ်။ 🔺18K…