Golden Valley Gold & Jewellery ဆိုင်ကြီးမှာ ဘယ်လိုလက်ဝတ်ရတနာ Brand တွေရှိလဲ?
ဥရောပလက်ရာဆန်းဒီဇိုင်းတွေကို ရောင်းချပေးတဲ့ Golden Valley ဆိုင်ကြီးမှာ ရရှိနိုင်မယ့် လက်ဝတ်ရတနာ Brand တွေကတော့ J’monica , Jessica Gold , D’orica နဲ့ Omega Art တို့ပဲ ဖြစ်ပါတယ်။ ဒီ Brand တွေက ဘာတွေထူးခြားပြီး ဘယ်လို ဒီဇိုင်းတွေကို အဓိက ရောင်းချပေးသလဲဆိုတာ အတူတူ ဖတ်ကြည့်လိုက်ကြရအောင်ပါ…
J’monica Brand ကတော့ အရည်အသွေးကောင်းမွန်လှတဲ့ G+ စိန်အသန့်တွေကိုပဲ အသုံးပြုပြီး အများနဲ့မတူတဲ့ Hong Kong Setting ဖြင့် နောက်ဆုံးပေါ် ဒီဇိုင်းမျိုးစုံကို အနုပညာလက်ရာမြောက်စွာ ဖန်တီးရောင်းချနေတဲ့ Golden Valley ရဲ့ စိန်ထည်လက်ဝတ်ရတနာ Brand တစ်ခု ဖြစ်ပါတယ်။
Jessica Gold Brand ကတော့ အရည်အသွေးမြင့် 18k ရွှေထည်တွေကို ဆန်းသစ်တဲ့ Turkey လက်ရာ ဒီဇိုင်းများနဲ့ ခေတ်ဆန်ဆန် အလှအပများကို လက်ဝတ်ရတနာအဖြစ် ဖန်တီးရောင်းချပေးနေတာ ဖြစ်ပါတယ်။
D’orica Brand ဟာဆိုရင်လည်း 18k ရွှေထည်တွေကို ခမ်းနားထည်ဝါစွာ ဖန်တီးလေ့ရှိတဲ့အပြင် ထူးထူးခြားခြား Handmade နဲ့ ခေတ်မီနည်းပညာ ပေါင်းစပ်ထားတဲ့ အနောက်တိုင်းလက်ရာတွေကို ရောင်းချနေတာပဲ ဖြစ်ပါတယ်၊
ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ ဆွဲဆောင်မှုရှိရှိ ဖန်တီးပြုလုပ်ထားတဲ့ အမိုက်စား 18k ရွှေထည်တွေကိုတော့ Omega Art Brand မှာ တစ်ဝကြီး ကြည့်ရှုခံစား အားပေးလို့ရပါတယ်။
လူကြီးမင်းတို့အနေနဲ့ နောက်ဆုံးပေါ်ခေတ်မီဒီဇိုင်းဆန်းတွေနဲ့ အရည်အသွေးကောင်းမွန်တဲ့ လက်ဝတ်ရတနာတွေကို ဆင်မြန်းချင်တယ်ဆိုရင်တော့ …
အနောက်တိုင်းလက်ရာနဲ့ ဥရောပလက်ရာဒီဇိုင်း Jewellery တွေကိုပဲ ဦးစားပေး ရောင်းချပေးနေတဲ့ Golden Valley ဆိုင်ကြီးက ရတနာချစ်သူများကို နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင်။

